True Sight TI8 (MM Subtitle)

True Sight TI8 (MM Subtitle) ====================== ဟိုးတစ်နေ့ကထွက်လာတဲ့ True sight documentary movie လေးကို ကြည့်ရအဆင်ပြေသွားအောင် မြန်မာစာတန်းထိုးပြီးတင်ပေးလိုက်ပါတယ်။ Encode လုပ်တဲ့နေရာလေး တိုင်ပတ်နေလို့နောက်ကျသွားတာပါ 😃 ။ ကြည့်ပြီးတဲ့သူတွေရှိသလို မကြည့်ရသေးတဲ့သူတွေလဲရှိအုန်းမှာပါ။ ဘာပဲဖြစ်ဖြစ် Dota Player တွေအတွက်ကတော့ (၂)ခေါက်ပြန်ကြည့်လဲမရိုးသွားပါဘူး။ ပြီးခဲ့တဲ့ TI8 Final မှာ ပြိုင်ဆိုင်မှုဘယ်လောက်ပြင်းထန်လဲဆိုတာ Game 5 အထိယှဉ်ပြိုင်ခဲ့ရတာက သက်သေပါပဲ။ ပွဲ(၅)ပွဲစလုံးကလဲ မြိုင်မြိုင်ဆိုင်ဆိုင် သူတင်ကိုယ်တင် အကြိတ်အနယ်ကစားခဲ့သလို ရင်ခုန်စရာ Epic Moment လေးတွေလဲအများကြီးရှိခဲ့ပါတယ်။ အခု Documentary video ကတော့ main stage ရဲ့နောက်ကွယ်က တစ်သင်းချင်းဆီရဲ့ Communication ပိုင်းတွေ၊ Team Strategy ချပုံတွေ၊ Emotional ပိုင်းတွေ၊ ၀မ်းနည်းရတာတွေ၊ ၀မ်းသာရတာတွေကိုပါ မြင်တွေ့ရမှာပါ။ ဒီ Documentary လေးကိုကြည့်ပြီး ကျွန်တော်ကတော့ Ceb ကို အတော်လေး Respect ဖြစ်မိပါတယ်။ ကစားသမားဘ၀ရော နည်းပြဘ၀ပါကျင်လည်ခဲ့သူပီပီ အသင်းကို motivate လုပ်ပေးနိုင်တဲ့နေရာမှာတော့ အတော်လေးကိုလေးစားဖို့ကောင်းပါတယ်။ ပွဲထဲမှာတော့ သူ့ Performance ဘယ်လောက်ကောင်းလဲဆိုတာ TI8 Final ကြည့်ခဲ့ဖူးသူတိုင်း ပြောစရာမလိုအောင်သိထားပြီးသားပါ။ ဒါပေမယ့် Ceb ရဲ့ Performance က ပွဲတွင်းရော ပွဲပြင်မှာပါ ၁၀၀% လွှမ်းမိုးမှုရှိနေတယ်ဆိုတာကို ဒီ Documentary မှာ ကောင်းကောင်းကြီးမြင်နိုင်ပါတယ်။ ဘာပဲပြောပြော OG က တကယ့်ကိုTI8 Champion ရသင့်ရထိုက်တဲ့ အသင်းဆိုတာကို ဒီ Documentary က သက်သေပါပဲ။ Encoded by Than Htike Zaw(CM) P.S ဒီvideo ကို ကျွန်တော်တို့ We Play We Throw Page ကနေ ကိုယ်တိုင်ဘာသာပြန်ပြီးတင်ထားတာဖြစ်ပေမယ့် မည်သူမဆိုလွတ်လပ်စွာ ပြန်လည်ကူးယူတင်နိုင်ပါတယ်။ ဒါပေမယ့် Credit လေးတော့ပေးပေါ့နော်။ အပင်ပန်းခံရကျိုးလေးနပ်အောင် 😛 #D2 #Truesight #Jack #TI8

Post a Comment

0 Comments