Mission: Possible 2021

စုံထောက်ဇာတ်လမ်းကို ဟာသလေးတွေနဲ့ရောထားတဲ့ ဇာတ်လမ်းပုံစံမျိုးကိုမှ သဘောကျတဲ့သူတွေအတွက် မကြာသေးခင်ကမှရိုက်ကူးထုတ်လွှင့်ထားတဲ့ Mission Possible ဆိုတဲ့ ကိုးရီးယားစုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယူဒါဟီးဆိုတဲ့ ကောင်မလေးကတော့ (MSS) လို့ခေါ်တဲ့တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းလျှို့ဝှက်အေးဂျင့်တစ်ယောက်ပေါ့။ တောင်ကိုးရီးယားနိုင်ငံမှာ လက်နက်မှောင်ခိုတင်သွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူမရဲ့ဌာနက ကိုင်တွယ်ဖြေရှင်းရမယ့်အချိန်ရောက်လာတဲ့အခါ သူမကို ဒီပြဿနာတွေဖြေရှင်းဖို့ တောင်ကိုးရီးယားကို စေလွှတ်လိုက်ပါတယ်။ သူမရဲ့မစ်ရှင်မှာ ပါဝင်တာတစ်ခုက တောင်ကိုးရီးယားကတွဲဖက်အေးဂျင့်တစ်ယောက်နဲ့ အတူတူလှုပ်ရှားရမှာဖြစ်ပါတယ်။ ကြားထဲက လွှဲချော်မှုတွေကြောင့် ယူဒါဟီးဟာကိုးရိုးကားရားနိုင်ပြီးအတွေ့အကြုံမရှိသေးတဲ့အလွတ်စုံထောက်ဝူဆွန်းဟန်နဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ်။ ယူဒါဟီးဟာ ဝူဆွန်းဟန်ကို သူမရဲ့တွဲဖက်အေးဂျင့်မဟုတ်မှန်း မသိခဲ့သလို ဝူဆွန်းဟန်ကလည်း ယူဒါဟီးကို (NIS) ဆိုတဲ့တောင်ကိုးရီးယားရဲ့ နိုင်ငံတော်စုံစမ်းထောက်လှမ်းရေးဌာနရဲ့အေးဂျင့်လို့ပဲထင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူ့ကိုတာဝန်အတူတူထမ်းဆောင်ဖို့ လာခေါ်တယ်လို့ပဲ ယူဆမိခဲ့တဲ့အတွက် သူမနဲ့ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့တာပေါ့။ ဒါပေမယ့် အဖြစ်အပျက်တွေက အဓိကမျက်မြင်သက်သေတွေ အသတ်ခံလိုက်ရချိန်မှာတော့ တကယ်ကိုပြင်းထန်လာပါတော့တယ်။ ဒီလိုအခြေအနေတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်ပြီး တာဝန်ကိုအောင်မြင်အောင် ဘယ်လိုထမ်းဆောင်မလဲဆိုတာကို ဟာသဇာတ်ကွက်လေးတွေနှောပြီး ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာတောင်ကိုးရီးယားနိုင်ငံမှာ ထုတ်လွှင့်ပြသစဉ်ကလည်း ကြည့်ရှု့နှုန်းများပြားခဲ့တာကြောင့် စုံထောက်ဟာသဇာတ်ကားတွေကိုမှ သဘောကျတဲ့ သူမျိုးတွေအတွက်တော့ လုံးဝ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါပဲ။
Click to Watch Movie(Orginal Uploader)

Post a Comment

0 Comments