G-talkမှာမြန်မာဖောင့် မပေါ်ပဲလေးထောင့်အတုံးလေးတွေပေါ်နေ လျှင်

ကျွန်တော်ဒီနေ့တော့အခုတလောအားလုံးလိုလိုခေါင်းရှုပ်ကြရတဲ့ပြသနာလေးတစ်ခုကိုမသိသေးသူများအတွက် မိမိတို့ရဲ့စက်မှအဲ့လိုမျိုးဖြစ်လာခဲ့လျင်အလွယ်တကူပြင်လို့ရအောင်အာင်ဖော်ပြပေးလိုက်ပါတယ်။ကျွန်တော်တို့ ဒီရက်ပိုင်းInternet Explorer 9 ကို Uplate ပေးလိုက်တဲ့အခါမှာ G-talkမှာမြန်မာဖောင့်မပေါ်ပဲအပေါ်ကပုံ မှာပြထားသလိုမျိုးလေးထောင့်အတုံးလေးတွေပေါ်နေတာတွေ့ ရပါလိမ့်မယ်။စာရိုက်တဲ့အချိန်မှာလဲမြန်မာဖောင့်ပေါ် ပါတယ်။ဒါပေမယ့်စာကိုရိုက်ထည့်လိုက်တဲ့အချိန်မှာ G-talk Chat Box ထဲမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့် အတုံးလေးတွေပေါ်နေတာပါ။ကဲမိမိတို့စက်မှာလဲ Update ပေးမိလိုက်လို့အခုလိုမျိုးကြုံလာခဲ့ရင်တော့အောက် ကနည်းလမ်းလေးတွေအတိုင်းသာလိုက်လုပ်ကြည့်လိုက်ပါခင်ဗျာ.......။ 1.အရင်ဆုံးကျွန်တော်တို့ G-talk မှာရှိတဲ့ Setting ကိုနှိပ်လိုက်ပါ။Setting Box လေးကျလာပါလိမ့်မယ်။ 2.ပြီးရင် General ထဲကနေ Change Font ကိုနှိပ်လိုက်ပါ။Font မှာ Zawgyi-one မပြောင်းရသေးရင်ပြောင်း ပြောင်းလိုက်ပါ။ပြီးရင် OK ကိုနှိပ်လိုက်ပါ။ 3.G-talk မှာဖောင့်ပြောင်းပြီးပြီးဆိုရင် Internet Explorer ကိုဖွင့်လိုက်ပါ။ပြီးရင် Setting ကိုသွားပါ။ညာဘက် ထောင့်ဆုံးလေးမှာ Setting ပုံလေးတွေ့ ရပါလိမ့်မယ်။အဲ့ဒီကောင်လေးကနေ Internet options ကိုနှိပ်လိုက် ပါ။ 4.ဒါဆိုရင် Internet Options Box လေးကျလာပါလိမ့်မယ်။ပြီးရင်အပေါ်ကပုံမှာပြထားသလို Font ကိုနှိပ်လိုက် ပါ။ပြီးရင်ပေါ်လာတဲ့ Font Box လေးထဲမှာ Zawgyi-one ကိုရွေးလိုက်ပါ။ 5.အပေါ်ကအဆင့်တွေအတိုင်းလုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ G-talk ကိုပြန်ဖွင့်ပြီးကြည့်လိုက်ပါ။အရင် အတိုင်း မြန်မာဖောင့်ကိုပြန်ပြောင်းသွားပါလိမ့်မယ်..။ အခုနည်းလမ်းလေးကိုသိခွင့်ရတဲ့အတွက် ကိုကောင်လေးငယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ.... အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ.....

Post a Comment

0 Comments