Virus များအကြောင်း

VIRUS





Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူ တွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...


Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ




WORM




worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...


အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်..





TROJAN



ဒီဗိုင်းရပ်ကတော့ဖိုင်တွေကိုဖြတ်ဆီပစ်တာပါ..သူဝင်လာရင်စက်သိသာတယ်နှေးသွားရော

နဲနဲကြာလာရင် သူကဖိုင်တွေကိုစာရွက်လေးတွေလိုအဖြူရောင်လေးပဲကျန်တော့တယ်..ဖွင့်

လို့ လဲမရတော့ဘူးလေ...အဲ့ ဒါဆိုရင်တော့ပြသနာနဲနှဲိလာတယ်လေ....သူကတော်တော်မြန်တယ်

ဖျက်ဆီးတာတော့တော်တော်လေးကိုမြန်တယ်..သူသမိုင်းကြောင်းကတော့Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်..

သူ့ ကိုသတ်ချင်ရင်တော့.....http://www.scanwith.com/Trojan_Remover_download.htm ဒီလင့်လေးမှာသွားဒေါင်းပြီးရှင်းလိုက်ပါ







MALEWARE




အထူးသဖြင့်...သူငယ်ချင်းတို့ ရဲ့ Gtalk မှာစာရေးတယ် ၊


ဖိုင်တွေဖွင့်တဲ့ အခါမှာ တော်တော်နဲ့မပွင့်ပဲ လေးနေတယ်..၊


ဆိုရင် ဒါကို ကျွန်တော်အတွေ့အကြုံအရ Malware ကြောင့်ပါပဲ...။


Gtalk မှာစာတွေရေးတဲ့ အခါမှာ ကိုယ်အခုရေးနေတဲ့ အခါမှာ မပေါ်သေးဘူး...။


ဒါပေမဲ့ ..Enter နှိပ်လိုက်ရင်တော့ ရောက်သွားတယ်..ဆိုရင်...


ကိုယ်ဖွင့်တဲ့ ဖိုင်လေးက တော်တော်နဲ့ မပွင့်ပဲ....လေးပြီးနေတယ် ဆိုရင်...


ဒါဟာ ....Malware ကြောင့်ပါ...။




ADWARE




Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်...


. သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D


အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D




CRIMEWARE






Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..


သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်



ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...။





http://www.iobit.com/download.html ဒီလင့်လေးက Maleware နဲ့  ထရိုဂျန့်  သတ်ဖို့ ပါ



Adware ကတော့ကိုယ်တွေကြုံတာဘယ်လိုမှသတ်လို့ မရဘူးနောက်ဆုံးလက်လျော့ပြီးတော့ Window

အသစ်တင်လိုက်တယ်လေ.......အေးသွားရောသတ်မရတာဆော့ဝဲမရှိလို့ ပါအရင်ရှာထားတာလေးကပါသွားပြီ

ဆင်ဆာဖြတ်တဲ့ ထဲကို.....နောက်ရှာလို့ တွေ့ မှတင်ပေးမယ်



ကျန်တာတွေကတော့ကိုယ်တိုင်ပဲသုံးဘူးတယ်ဘယ်လိုရှင်းရလဲတော့မသိဘူး....(ကိုဇော်မှကူးယူဖော်ပြသည်)

Post a Comment

0 Comments