Gtalk ပုံကို Slidshow ပြောင်းချင်သူတွေအတွက်

နက်မကောင်းတဲ့ ဒေသတွေအတွက်တော့မကောင်းပါဘူး။လုပ်ပုံလုပ်နည်းကတော့ဒီလိုပါ။ဒါဆိုရင် Gtalk ဖွင့်ထားထား ၊ မဖွင့်ထားထား နောက်ထပ် Gtalk ဘောင်အသစ်ပေါ်လာပါလိမ့်မယ်..။ဒီဘောင်အပေါ် Google Talk ဆိုတဲ့ စာဘေးမှာ အသစ်အနေနဲ့ Shell ဆိုတာ ပါလာပါလိမ့်မယ်..။ ဒီ Shell ကို ကလစ်နှိပ်လိုက်ပါ..။ထိုအခါဘောင်အသစ်လေးထဲမှာ ...Avatar / Lauguage / Option / Always on top / Get More Avatars / About ဆိုတာ ကိုတွေ့ပါလိမ့်မယ်..။ Shell > Avatar ကိုနှိပ်၍ Enable Slide တွင် အမှန်ခြစ်လိုက်ပါ...။ထိုနောက်........ Shell > Option ကိုနှိပ်လိုက်ပါ..။ဘောင်အသစ်ကျလာပြီး Avatar / Anti Boss / Auto hind ဆိုတာမှ Avatar ကိုရွေးပါ..။သူ့ဖာသာသူလဲ ရွေးပြီးသားပါ..။ထိုနောက် ညာဘက်ဘောင်ထဲတွင် Add နဲ့ Remove ကိုတွေ့ရလိမ့်မယ်..။ကိုယ့် Slideshow လုပ်ချင်သော ပုံများကို ရွေးရပါမယ်..။ Add ကိုနှိပ်ပါ..။ ပေါ်လာသောဘောင်လေးထဲမှ မိမိလိုချင်သော ပုံများကိုရွေးပါ..။အလိုရှိသလောက် ပုံများကို ရွေးပါ..။ပြီးရင် အောက်မှ Interval(seconds) ကို ကိုယ် ပြောင်းစေချင်သော ပုံများကို စက္ကန့်အလိုက် ချိန်ပေးပါ..။ ဥပမာ- 1 စက္ကန့် ၊ 2 စက္ကန့် ၊ 3 စက္ကန့်.... ထိုနောက် အောက်မှ OK ကိုနှိပ်လိုက်ရုံပါပဲ..။ထို့နောက် Gtalk ကို Sing In လိုက်ပါ..။ ပြီးပါပြီ...။သင်၏ Gtalk တွင် Icon လေးတွေ တဖျတ်ဖျတ် ပြောင်းနေပါလိမ့်မယ်..။(မှတ်ချက်။ ။ဒီအကြောင်းလေးကတော့မသုံးဘူးပါဘူးဒါကို Kozaw357 ဆီကနေကူးယူဖော်ပြခြင်းဖြစ်ပါတယ်။သေချာသိချင်ရင်တော့ကိုဇော်ဆီကိုသွားလေ့ လာကြည့်ပါ။)လင့်လေးတင်ပေးထားပါတယ်။


Post a Comment

0 Comments